မြောက်ကိုရီးယားသို့ရေနံတင်ပို့မှု ရုရှား ၊ တရုတ် တို့ရပ်ဆိုင်းထား

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပိတ်ဆို့အရေးယူမှုကော်မတီအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ ရေနံထွက်ပစ္စည်းများတင်ပို့မှုကို ချက်ချင်းရပ်နားပေးရန် အမေရိကန်ပြည်ထောင်စုက ဆန္ဒရှိသော်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့က ထိုတောင်းဆိုချက်ကို ခဏရွှေ့ဆိုင်းထားသည်။


မြောက်ကိုရီးယားနိုင်ငံသည်  ဓါတ်ဆီနှင့် အခြားရေနံထွက်ပစ္စည်းများမှောင်ခို သွင်း ၊ ထုတ်မှုကို နှစ်စဉ်ကန့်သတ်ချက် ဖြစ်သည့် စည်ပေါင်းငါးသိန်း ထက်ကျော်လွန်ကာ လုပ်ဆောင်ခဲ့ကြောင်း နှင့် ယင်းသို့ ဖြစ်ရသည်မှာ တရားမဝင် သင်္ဘောအချင်းချင်း လွှဲပြောင်းမှုများလုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း  အမေရိကန်က ဆိုသည်။


သို့သော်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့က  ထိုပြောဆိုမှုကို ယုံကြည်မှုမရှိကြောင်းနှင့် ၎င်းတို့သည် သတင်းအချက်အလက်များ ထပ်မံလိုချင်နေပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ညွှန်ကြားချက် မထုတ်ရန် ကော်မတီကို တားဆီးခဲ့ကြောင်း သိရသည်။


ကိုးကား - အန်အိတ်ချ်ကေ        
ဘာသာပြန် - မြင့်မြင့်ချို  

 

 

1