မြောက်ဥက္ကလာပမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးကာကွယ်ရေးလေ့ကျင့်သရုပ်ပြပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ ၂၈  ဩဂုတ်   
 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေး ကာကွယ်ရေး လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အ-ထ-က(၁) ကျောင်း၊ မြတ်ခရေခန်းမတွင် ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးပြည့်စုံက ကျောင်းသား၊ ကျောင်းသူများ မီးဘေးကြိုတင် ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ မီးဘေးလုံခြုံရေးဆိုင်ရာများ၊ သဘာဝဘေးနှင့် ပတ်သက်ပြီး မိုးခေါင် ရေရှားသည့်ဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ပါက ကြိုတင်ပြင်ဆင်ရမည့် အချက်များကို အကျယ်တဝင့် ဟောပြောခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။


ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ဦးစီးအရာရှိ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့် အချက်များဖြစ်သည့် ဘေးအန္တရာယ်ကင်းသောနေရာတွင် ဝပ်နေခြင်း၊ ခိုင်ခံ့သောစားပွဲ၊ ခုံ၊ ခုတင်အောက်တွင် မိမိကိုယ်ကို အကာအကွယ်ယူခြင်း၊ ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာ ကိုင်ထားခြင်း (ဝပ်၊ ကာ၊ ကိုင်)ပုံစံများဖြင့်  လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဟောပြောပွဲနှင့် သရုပ်ပြပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၄၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
                                              

မြို့နယ်(ပြန်/ဆက်)