မြောက်ဦးခရိုင် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ လာရောက်ခိုလှုံနေသော ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မြောက်ဦး  ၂   သြဂုတ်  


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များတွင် ပစ်ခတ်မှုဖြစ်စဉ်များကြောင့် တိုက်ပွဲရှောင်ကာ ခိုလှုံရာကယ်ဆယ်ရေး စခန်းများရှိရာသို့ လာရောက်ခိုလှုံနေသော ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြောက်ဦးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများမှ ယမန်နေ့ နေ့လည် ၁  နာရီက အဆိုပါ ခိုလှုံရာစခန်းများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။    


ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု ၅၀ စုရှိ လူဦးရေ ၁၅၅ ဦးအတွက် တစ်လစာဆန်ရိက္ခာဖိုး ၁၃၉၅၀ဝဝ ကျပ်အား လည်းကောင်း၊ အောင်တပ်ရပ်ကွက် မြို့သစ်ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု ၁၇၃ စုရှိ လူဦးရေ ၇၁၂ တို့အတွက် တစ်လစာဆန်ရိက္ခာဖိုး ၆၄၀၈၀ဝဝ ကျပ်အား လည်းကောင်း သွားရောက်ကာ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်ပြီး တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ နာဂရာကျေးရွာအုပ်စု၊ ကျွန်းတော ရွှေဖောင်တောဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေသော အိမ်ထောင်စု ၃၄ စုရှိ လူဦးရေ ၁၃၁ ဦးတို့အတွက် တစ်လစာဆန်ရိက္ခာဖိုး ၁၁၇၉၀ဝဝ ကျပ်နှင့် စုစုပေါင်းထောက်ပံ့ငွေ ၈၉၈၂၀ဝဝ ကျပ်တို့အား ခိုလှုံရာကယ်ဆယ်ရေး စခန်းများရှိ စခန်းတာဝန်ခံများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။


ခရိုင်ပြန်/ဆက်