မြောက်ဦးခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်း ၅ မျိုးဖြင့် လက်တွေ့စမ်းသပ်လေ့ကျင့်မှုများ ပြုလုပ်

မြောက်ဦး ၆ ဇွန် 

 


ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ရှာဖွေကယ်ဆယ် ရေးပစ္စည်း ၅ မျိုးဖြင့် လက်တွေ့စမ်းသပ်လေ့ကျင့်မှုများကို ယနေ့နံနက် ၈ နာရီက အဆိုပါဦးစီးဌာန ရုံးရှေ့၌ လက်တွေ့စမ်းသပ်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

ျူ္ပကျနမ

 


စမ်းသပ်လေ့ကျင့်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစံထွန်း၏ လမ်းညွှန်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးအလှကြီး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြစ်သော Spreader, Cutter, Ram, Power Unit, Air Lifting Bags ပစ္စည်း ၅ မျိုးအား ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုနိုင်ရန်အတွက် သင်ကြားပြသပြီး လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း မြောက်ဦးခရိုင် ပြန်/ဆက် မှ သိရသည်။

 


MDN

 

ဒ်ိူ