မြောက်ဦးမြို့၌ အခြေခံပညာ ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

မြောက်ဦး ဇူလိုင်  ၁၀

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ဆရာ/ဆရာမများအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကျန်းမာရေးမှူး ဦးမျိုးနိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးပေးခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမ ၁၅၉ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)

 

mdn