မြောက်ဦးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မြောက်ဦး ၂၀  ဇွန် 


၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို  ယနေ့မွန်းလွဲ ၁ နာရီက  ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများကို ပြောပြပြီး ပြိုင်ပွဲဝင်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်ပေးစည်းမျဉ်း၊စည်းကမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ 


အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ဟူ၍ အဆင့်နှစ်ဆင့် သတ်မှတ်ထားပြီး အလယ်တန်းအဆင့်တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးမှ  မူးယစ်ကင်းမှ ဘဝလှ ကဗျာဖြင့် လည်းကောင်း၊ မူလတန်းအဆင့်တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးတို့က ရှောင်လေဝေးဝေး မူးယစ်ဆေး ကဗျာဖြင့် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း မြောက်ဦးခရိုင် ပြန်ဆက်မှ သိရှိရသည်။ 


MDN