မော်လ်ဒိုက်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၃ ဦး ထပ်မံတွေ့ရှိ

မေ ၁၈

 

မော်လ်ဒိုက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အေဂျင်စီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၃ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ယနေ့တွင် သတင်းဖော်ပြထားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၁ ဦး ရှိလာသည်။

 

နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၁၆၉၉၇ ဦးအထိ မြင့်တက်လာသည်။

 

SunOnline သတင်းမီဒီယာ၏ဖော်ပြချက်အရ သီတင်းပတ်နှစ်ပတ်အတွင်း သေဆုံးသူ ၂၄ ဦး ရှိသည်ဟု သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်သည် မေလအတွင်း အများဆုံး ဖြစ်သည်။

 

လက်ရှိအခြေအနေတွင် ဆေးရုံတက်ကုသမှုခံယူနေသူ ၂၆၄ ဦးရှိကြောင်း ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို