မော်လဒိုက်နိုင်ငံသို့ ယခုနှစ်အတွင်းလက်ရှိအချိန်အထိ နိုင်ငံခြားခရီးသွား ၈၀၀၀၀၀ ကျော် ဝင်ရောက်

မေ ၈

မော်လဒိုက်နိုင်ငံသို့ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ နိုင်ငံခြားခရီးသွား ၈၀၀၀၀၀ ကျော်ဝင်ရောက်မှုရှိကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယမန်နေ့ကနောက်ဆုံးထုတ်ပြန်သောအချက်အလက်များအရသိရသည်။  ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်အလားတူကာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှ ၁၂ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ ယခုနှစ်အတွင်း မေလ ၅ ရက်နေ့အထိ တရုတ်ခရီးသွားဝင်ရောက်မှု ၈၇၅၆၆ ရှိရာ တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှုသည် အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ မော်လဒိုက်နိုင်ငံအနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံခြားခရီးသွား နှစ်သန်းဝင်ရောက်ရန် ရည်မှန်း လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်းမီဒီယာက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို