မော်လိုက်မြို့အနီး ဗဟိုပြုကာ အင်အား ၄.၇ အဆင့်ရှိ  မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၂ သြဂုတ်

ယနေ့ ည ၈ နာရီ ၇ မိနစ် ၃၈ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၄၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၁၃)မိုင်ခန့်အကွာ )ကို ဗဟိုပြုကာ အင်အား ရစ်(ခ်)တာစကေး(၄.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၂၃.၅၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၇)ဒီဂရီ၊ အနက် (၉၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သိရသည်။

MDN