မော်လိုက်မြို့နယ် ကံထူးကျေးရွာ၌ အခြေခံပညာထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

မော်လိုက် ၂၈ ဇန်နဝါရီ      

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ကံထူးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ ကျောင်းရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်း၊ မော်လိုက်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်ယုနှင့် မြို့နယ်ပညာရေးမှူး ဦးကပ်ကျော်တို့က ကံထူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ ်ဖွင့်လှစ်ခဲ့ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်းနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်ယုတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကပ်ကျော်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရရှိသည့် ကံထူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။

 

ယင်းနောက် ကံထူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက အထိမ်းအမှတ် အလံများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများအား အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် တောင်းအင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများက ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မော်လိုက်သားလေး