မော်လမြိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (မြောက်ပိုင်း)နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၉

 

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် ည ၇နာရီခွဲတွင် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊  မြို့ရှောင်လမ်းရှိ ဧည့်ရိပ်သာ၌ တည်းခို နေထိုင်သည့် ဇော်လွင်ဦး ၏အခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၁၀ဝ  ကိုလည်းကောင်း။

 

ဩဂုတ် ၁၈ ရက်  နံနက် ၁၁ နာရီခွဲတွင်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ ဝေလင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၀ဝ သိမ်း ဆည်းရမိခဲ့ပြီး ကွင်းဆက်အရ  မွန်းလွဲ ၁ နာရီတွင် ကျော်ကိုကို ကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၆) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၌ စိတ်ကြွရူး သွပ်ဆေးပြား ၆,၉၆၀ ဖြင့် လည်းကောင်း၊ ညနေ ၃နာရီခွဲတွင် ကျော်ကိုကိုထက်(ခ)မှန်ကြီးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၉)ရပ်ကွက်၊ မာလာမြိုင်လမ်းရှိ ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ တို့ကို လည်းကောင်း၊ ထိုနေ့ ည ၁၀ နာရီခွဲတွင်  မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ဂျူးလူကျေး ရွာအနီး၊ မိုင်းဆတ်-မိုင်းတွမ်းသွားကားလမ်းတွင် ကျသိန်း မောင်းနှင်ပြီး မအီနန်း(ခ)နားင လိုက်ပါလာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)