မော်လမြိုင် နည်းပညာတက္ကသိုလ်တွင် ပထမနှစ် ကျောင်းသား ကျောင်းသူများအား နွေးထွေးစွာကြိုဆို

မော်လမြိုင်      မေ      ၁၂

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နည်းပညာတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သို့ တက်ရောက် ပညာသင်ယူမည့် ပထမနှစ် ကျောင်းသား ကျောင်းသူများအား နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး ပျော်ရွှင်အေးချမ်းစွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ကြိုဆိုပွဲအခမ်းအနားတွင် မော်လမြိုင်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်း‌ဇော်အောင်က ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး သင်ကြား သင်ယူမှုများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)