မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာဆိုင်များတွင် မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေသြဇာအိတ်ခွံအတွင်း အခြားဓာတ်မြေသြဇာများ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်များတွင် မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေသြဇာ အိတ်အခွံအတွင်း တခြားဓာတ်မြေသြဇာများ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဒေါ်ခိုင်မွန်သောင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင် (၉)ဆိုင်သို့ မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေသြဇာ အိတ်ခွံအတွင်း တခြားဓာတ်မြေသြဇာများ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ခဲ့ကြောင်း သိရသည်။

 

ရဲကိုမောင်