မော်လမြိုင်မြို့ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများနှင့် လူနာများအတွက် နေ့စဉ်စားသောက်ဖွယ်ရာများလှူဒါန်း        

                                                      
မော်လမြိုင်    ၁၃   အောက်တိုဘာ    

မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်းဘုရားလမ်း၊ ဇေတဝန်ကျောင်းတိုက်ရှိ (သာသနာနွယ်ဖောင်ဒေးရှင်း) ပဓာနနာယက ဆရာတော် အရှင်ဆန္ဒဇောတိမှ ဦးဆောင်၍ မော်လမြိုင်ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများနှင့် ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် အာဟာရဒါနတို့ကို နေ့စဉ်လှူဒါန်းလျက်ရှိရာ ယနေ့ ညနေပိုင်းအထိ (၁၀၉)ရက်မြောက်နေ့အဖြစ် လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နေ့စဉ်အလှုရှင်များ၏ လှူဒါန်းငွေများဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပါဆယ်စနစ်ဖြင့် မော်လမြိုင်ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများ၊ ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များ၊ စောင့်ကြည့်လူနာများ၊ ကလေးဆေးရုံမှလူနာများ စုစုပေါင်း (၂၀၇)ဦးတို့အား နံနက်စာ၊ နေ့လယ်စာ၊ ညနေစာများဖြင့် နေ့စဉ် တစ်နေ့သုံးကြိမ် လှူဒါန်းပေးလျက်ရှိပြီး လူနာများအတွက် ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အစားအသောက်များ ဆောင်ရွက်လှူဒါန်းပေးလျက်ရှိကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းမှ သိရသည်။

စမ်းစမ်းနွယ်(ပြန်/ဆက်)