မော်လမြိုင် ဇွန် ၁၀

 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အခွန်ပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် Strand Hotel ၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက အမှာစကား ပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ဒေသတွင်း ခရီးသွားကဏ္ဍနှင့် အခွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများ နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်နယ် အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများတွင် ပြေစာများပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)