မော်လမြိုင် မေ ၂၆
ကျောင်းသား ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ ဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို မေ ၂၅ ရက် မွန်းလွဲပိုင်းက မော်လမြိုင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာစာသင်ကျောင်းများတွင် ပိုးလောက်လမ်းများ ပေါက်ပွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးကြပြီး ပိုးလောက်လမ်း မရှိစေရေး အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်များအား ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


