မော်လမြိုင်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ သိင်္ဂီလမ်းနေ မနွယ်နီအေး (ခ) ဂတုံးမ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၃၃ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်အတွင်းတွင် မသီတာအေး (ခ) အားမိန် မောင်းနှင်ပြီး မသိင်္ဂီစိုး (ခ) ယုန်လေး လိုက်ပါလာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် မြောက်ဥက္ကလာပ မြို့နယ်၊ (ည) ရပ်ကွက်၊ ဧရာ (၈) လမ်း၊ အမှတ် (၇၂) နေ မအေးစန္ဒီထွန်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈,၀၀၀၊ ဆေးခြောက် ၁ ဒသမ ၅ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား