မော်လမြိုင်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသ

မော်လမြိုင် ဇန်နဝါရီ  ၂၆

 

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ နာရီက စာအုပ်၊ စာစောင်များ ခင်းကျင်းပြသရာ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသူများ လာရောက်ဖတ်ရှုကြကြောင်း သိရသည်။

 

စာအုပ်၊ စာစောင်များ ပြသပေးရာတွင် အတွေးအခေါ်မြင့်မားပြီး ဘဝတွက် ခွန်အားဖြစ်စေမည့် သုတစာပေများ၊ ကျန်းမာရေးနှင့်ဆိုင်သည့် စာပေများနှင့် ဘဝအောင်မြင်ရေး စာ​ပေများကို ရွေးချယ်ခင်းကျင်း ပြသပေးခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြသည်။

 

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ  စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)