မြောင်းမြ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြစိမ်းရောင်တောင်တော် သုဒဿနတန်ဆောင်းကြီး၌ ယနေ့နံနက်ပိုင်းက ဝါးလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုတို့က အမှာစကား ပြောကြားသည်။
ထို့နောက် မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေလင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဦးထွန်းထွန်းဦးက သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၀ တို့အား ဇွန် ၉ ရက်မှ ၂၃ ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)


