မောင်းသူမဲ့လေယာဉ်တီထွင်မှု တိုးတက်လာရေး ငွေကြေးထောက်ပံ့ရန် ဂျပန်အစိုးရ  စီစဉ်

၁၄ ဇန်နဝါရီ

 

မောင်းသူမဲ့လေယာဉ်များ တီထွင်မှု တိုးတက်လာရေးအတွက် ဂျပန်နိုင်ငံအစိုးရက ငွေကြေးထောက်ပံ့ရန် စီစဉ်ထားသည်ဟု သိရသည်။ တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ထားသော ကမ္ဘာ့ဈေးကွက်တွင် ပြည်တွင်းထုတ်လုပ်သူများကို ထောက်ပံ့ရန် တာဝန်ရှိသူများက လိုလားသည်။

 

4

 

အဆိုပါ ထောက်ပံ့မှုတွင် အစိုးရအဖွဲ့ဝင် အဖွဲ့အစည်းများမှ အတိုးနှုန်းနည်းသောချေးငွေများ ပါဝင်သည်။ ဦးစားပေးအခွန်ကောက်ခံမှု နှင့် ထောက်ပံ့ငွေများကိုလည်း စီစဉ်ထားသည်။

 

ထုတ်လုပ်သူများသည် ထိုထောက်ပံ့မှုကို လက်ခံရရှိရန် သတ်မှတ်ချက်များကို လိုက်နာရမည် ဖြစ်သည်။

 

၎င်းတို့အနေဖြင့် မောင်းသူမဲ့လေယာဉ်များမှ ရိုက်ကူးထားသော ပုံများနှင့်ပတ်သက်ပြီး ပေါက်ကြားခြင်းနှင့် ဖြတ်တောက်ခြင်းတို့ရန်မှ ကာကွယ်ရန် အဆင့်များ ပြုလုပ်ထားရန် လိုအပ်မည် ဖြစ်သည်။

 

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးခြယ်လှယ်မှုသည် ဒေတာလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။

 

ဂျပန်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် လယ်ယာလုပ်ငန်းများသည် အနာဂတ်တွင် လေယာဉ်ကို ပိုမိုအသုံးပြုဖွယ်ရှိသည်ဟု ထင်ရသည်။

 

4

 

ဂျပန်အစိုးရ က ထိုအထောက်အပံ့နှင့် လမ်းညွှန်ချက်များနှင့် ပတ်သက်သည့် ဉပဒေကြမ်းကို ယခုလနှောင်းပိုင်းတွင် ပုံမှန်ကျင်းပမည့် လွှတ်တော်တွင် တင်ပြမည်ဟု မျှော်လင့်ရသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို