မောင်တောမြို့ အမှတ်(၁)နယ်စပ် အဝင်/အထွက်စခန်းအနီး အမျိုးသားတစ်ဦး အသတ်ခံရ

မောင်တော   ဒီဇင်ဘာ   ၂၃

                       

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ်()နယ်စပ် အဝင်/အထွက် စခန်း (POE) Point of Entry/ Exit အနီးတွင် ဒီဇင်ဘာ ၂၃ ရက်က အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက် နံနက် ၇ နာရီတွင် အမှတ်() နယ်စပ် အဝင်/ အထွက်စခန်း (POE) Point of Entry/ Exit အနီး၌  အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ အမှတ်()နယ်စပ် အဝင်/ အထွက် စခန်း (POE) ဆိပ်ကမ်း ဘောတံတားထိပ်တွင် မောင်ဆန်းဌေးနိုင် (၂၆)နှစ်၊ ()ဦးဌေးမြင့်ဝေ ရပ်ကျေးစာရေး (မြင်းလွှတ်)၊ မြို့မအနောက်ရပ်ကွက်၊ မောင်တောမြို့နေထိုင်သူမှာ လည်ပင်း ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် မှောက်လျက်လဲကျကာ အလောင်းအနီး၌ သေဆုံးသူစီးနင်းသော CLICK  အနီရောင် ဆိုင်ကယ် တစ်စီးနှင့် အဝါရောင် ကော်ရိုးတပ် အလျား ၁၀ လက်မခန့်ရှိ စတီးဓား တစ်ချောင်းအား သွေးများ ပေလျက်တွေ့ရှိပြီး သေဆုံးသူအား ဂရုဏာကွန်ရက် လူမှုကူညီရေးအသင်းက မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စစ်ဆေးရာ ဒီဇင်ဘာ ၂၂ ရက်၊ ည ၇ နာရီခွဲတွင် POE ဆိပ်ကမ်းရှိ ကုန်တင်၊ ကုန်ချ  ပြုလုပ်သော အလုပ်သမားတစ်ဦးထံ အကြွေးတောင်းရန် နေအိမ်မှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်ခွာသွားကြောင်းသိရပြီး သေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူ ဆန်းဌေးနိုင် ၏ ဇနီးဖြစ်သူ မသန္တာဖြိုး၊ ကုန်တင်ကုန်ချ အလုပ်သမားရုံး (လက်ထောက် စာရင်းကိုင်)က မြို့မရဲစခန်းတွင် ()၅၉/ ၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေလ(မောင်တော)