မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်

မောင်တော ဇွန် ၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍  ဇွန် ၁ ရက် နံနက်ပိုင်းမှ စတင်ကာ သင်ကြားပို့ချ ပေးလျက်ရှိသည်။

 

မောင်တောမြို့တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၃၃ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် မြိုယုကျေးရှိ အမကယာယီ ကျောင်း တစ်ကျောင်း စုစုပေါင်း ၁၂၁ ကျောင်း ဖွင့်လှစ်လျက်ရှိရာ မောင်တောမြို့အနေဖြင့်  ဇွန် ၁ ရက်တွင် အထက်တန်း ကျောင်းသား ကျောင်းသူ ၁၇၁၆ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၃၂၃၉ ဦး၊ မူလတန်း ကျောင်းသား ကျောင်းသူ ၁၃၈၉၀ ဦး  စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၈၈၄၅ ဦး တက်ရောက် ပညာသင်ယူလျက်ရှိသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)