မောင်တောမြို့၌ လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

မောင်တော  ၁၈  ဇွန်  


မောင်တောမြို့၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးမှူးကျင်းပသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စများအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ညွှန်ကြားချက်များအား ရပ်ကွက်/ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဇွန် ၁၇ ရက် နံနက် ၁၁ နာရီခွဲက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာန၊ မြို့နယ် ဦးစီးဌာနမှူး  ဦးထွန်းအေးကျော်က မြေယာညွှန်ကြားချက်များအား  အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။


အခမ်းအနားသို့ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးထွန်းအေးကျော် ၊ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သက်လွင်စိုး(ပြန်/ဆက်)