မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူ

 

မောင်တော၊ အောက်တိုဘာ ၁

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင် ကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မြို့မအနောက်ရပ်ကွက်၊ ကောက်ကွက် တစ်ကွက်တွင် စတင်ကောက်ယူခဲ့ကြသည်။

 

mdn

 

မောင်တောမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအနက် မြို့မအနောက်ရပ်ကွက်၊ ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့ သုံးဖွဲ့ဖြင့်  နှစ်ရက်တာ ကောက်ယူခြင်းဖြစ်ပြီး မင်္ဂလာကြီးကျေးရွာအုပ်စုတွင် ကောက်ကွက် ၅ ကွက်ရှိရာ ကောက်ကွက် တစ်ကွက်တွင် စာရင်း ကောက်ယူရေးအဖွဲ့ သုံးဖွဲ့ဖြင့် အောက်တိုဘာ ၃ ရက်မှ ၁၅ ရက် အထိ ကောက်ယူသွားမည်ဖြစ်သည်။

 

အဆိုပါ စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူရေးအဖွဲ့များအနေဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ကောက်ယူနိုင်ရေး  ဌာနဆိုင်ရာများပါဝင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မတီများအလိုက် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)