မောင်တော ၁၀ ဇွန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနိုင်ခြေရှိသည့် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ လမ်းများ၌ ရေမြောင်းများ၊ ဂုံးပေါက်များ ပိတ်ဆို့မှု မဖြစ်စေရေးအတွက် ယနေ့ နံနက် ၈ နာရီက ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များက ရေမြောင်းများ ပတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


