မောင်တောမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ပြောင်းရွှေ့

မောင်တော  မေ ၁၂

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်နိုင်ရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ကျေးရွာအုပ်စု ခြောက်စု၊ အိမ်ထောင်စု  ၉၉၄ စု၊ လူဦးရေ ၈၆၇ ဦးအား ဘေးလွတ်သည့် ခိုလှုံရွှေ့ပြောင်းရာ နေရာများသို့ မေ ၁၂ ရက် နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက  စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်း ၁၆ မျိုး အသင့် စုဆောင်းထားရှိပြီး ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန်
ခရိုင်(ပြန်/ဆက်)