မောင်တောမြို့နယ် ပေါင်းဇားကျေးရွာ၌ မိမိ နေအိမ် မီးရှို့သူအား ဖမ်းဆီး

မောင်တော ၄ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပေါင်းဇားကျေးရွာ၌ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

 

ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ ပေါင်းဇားအုပ်စု၊ ပေါင်းဇားရွာနေ  အာမာန်အူလာ(၃၅)နှစ်သည် ၎င်းကိုယ်တိုင် နေအိမ်အား မီးရှို့ခဲ့ခြင်းဖြစ်ပြီး  ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ် ဒုမီးသတ်ဦးစီးမှူး လှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်ခန့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၁၀ နာရီတွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ်မီးရှို့ခဲ့သူ ပေါင်းဇားကျေးရွာနေ အာမာန်အူလ အား ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သက်လွင်စိုး(ပြန်/ဆက်)