မောင်တောမြို့နယ်၌ စိတ်ကြွဆေး ၂၂၄၀၅၅ ပြား သိမ်းဆည်းရမိမှု

နေပြည်တော် ၂၃ ဇန်နဝါရီ 

 

မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် ဂူရာဆာန်(၅၈)နှစ်၊ (ဖ)အေရှားဒူလာ၏ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်ထားသည့် WY/R စိတ်ကြွဆေးပြား ၁၉၄၈၀၅ ပြား (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၃၈၉၆၁၀ဝ၀ဝ တန်ဖိုး)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

888

 

အလားတူ ဇန်နဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ ပြင်ဖြူချောင်းဝအနီး ခန့်မှန်းမြေပုံညွှန်း ဒီယူ-၂၈၇၀၉၇ ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေယာဉ် ၂ စီးဖြင့် လှည့်ကင်းလုံခြုံရေး ဆောင်ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ပလတ်စတစ်ပုံးဖြင့် ကူးခတ်နေသည့် အမျိုးသား ၁ ဦးအား တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံရေပိုင်နက်အတွင်း ကူးခတ်ထွက်ပြေးသွားသဖြင့် ပလတ်စတစ်ပုံး ၁ ပုံးအား သိမ်းဆည်းရမိစစ်ဆေးရာ WY စိတ်ကြွဆေးပြား ၂၉၂၅၀ (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၅၈၅၀ဝ၀ဝ၀ တန်ဖိုး)အား တွေ့ရှိသဖြင့် ပြင်ဖြူနယ်မြေရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 

MDN