မောင်တောမြို့နယ်၌ ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိ

စစ်တွေ ၉ နိုဝင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအားလုံး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

မောင်တောမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင် မောင်သိန်းနှင့် အဖွဲ့သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် ကညင်တန်း အထက(၁) ကျောင်း၌ ဖွင့်လှစ်ထားသော ဟိန္ဒူကယ်ဆယ်ရေး စခန်း၌ ရွေ့လျားဆေးခန်း ဖွင့်လှစ်ခြင်းနှင့် ရာသီတုပ်ကွေး H1N1 ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မောင်တောမြို့နယ်၌ ရောက်ရှိနေသော မကွေးဆေးတက္ကသိုလ်မှ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း တွင် အိမ်ထောင်စု ၁၅၈ စု၊ လူဦးရေ စုစုပေါင်း ၉၉၂ ဦး ခိုလှုံ နေထိုင်လျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်