မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

နေပြည်တော် ၁၉ မတ်   

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တပ်မတော်မှ မတ် ၁၈ ရက် နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် လှေတစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ယမန်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် ဇီးပင်ချောင်းအနီးတွင် အမျိုးသား ၃ ဦး လှော်ခတ်နေသည့် လက်ခတ်လှေတစ်စီးအား တွေ့ရှိ၍ စစ်ဆေးရန်ခေါ်ယူရာ ၂ ဦးမှာ ထွက်ပြေးသွားပြီး အဘူဆီးဒီးထံမှ စိတ်ကြွရူးသွပ်ဆေး ပြား ၃၉၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

MDN