မောင်တောမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကျင်းပ

မောင်တော ၁၄ ဇွန်

မောင်တောမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) ကျောင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲသို့ မူးယစ်တပ်စု(၄၆)မှ ရဲအုပ်အောင်ကျော်စိုး၊ ခရိုင်ပညာရေးမှူး ဦးခင်အောင်၊ အ.ထ.က(၁)ကျောင်းအုပ်ကြီး ဒေါ်တင်တင်အေး နှင့် သက်ဆိုင်ကျောင်းများမှ ဆရာ၊ ဆရာမများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး  ပြိုင်ပွဲတွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလွန်အဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဇွန်  ၂၆  ရက်တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)