မော်ရိုကိုနှင့် အမေရိကန်နိုင်ငံတို့ အာဖရိကလိုင်းယွန် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ရာဘတ်   ဇွန်   ၂၂ 

မော်ရိုကိုနှင့် အမေရိကန်နိုင်ငံတို့ သည်  နိုင်ငံခြားတပ်ဖွဲ့များ  အပါ အဝင်   နှစ်စဉ်ကျင်းပမြဲဖြစ်သော အာဖရိကလိုင်းယွန်     ပူးတွဲစစ်ရေး လေ့ကျင့်မှုကို  ဇွန်  ၂၀  ရက်က စတင်ခဲ့ကြောင်း  ဆင်ဟွာသတင်း တစ်ရပ်၏ ဖော်ပြချက်အရ  သိရ သည်။ 

အဆိုပါ      ပူးတွဲစစ်ရေး လေ့ကျင့်မှုသည်   (၁၈)  ကြိမ် မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး   နိုင်ငံပေါင်း  ၁၁  နိုင်ငံမှ တပ်ဖွဲ့ဝင်များ  ပါဝင်ကြကြောင်း၊ စစ်ရေးလေ့လာ     စောင့်ကြည့်သူ  ၂၀    ခန့်ရှိကြောင်း    မော်ရိုကို သတင်းဌာန         (အမ်အေပီ)က ပြောသည်။ 

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့် မှုကို ဇွန် ၃၀ ရက်အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင်     စစ်ရေးလေ့ကျင့်မှု၌ ဂါနာ၊  ဆီနီဂေါနှင့်  တူနီးရှားနိုင်ငံ တို့လည်း   ပါဝင်မည်ဖြစ်ကြောင်း အာဖရိကဆိုင်ရာ    အမေရိကန် တပ်ဖွဲ့   ဗဟိုဌာနချုပ်က ဇွန် ၁၀ ရက်တွင်  ပြောကြားထားသည်။ ၂၀၂၁   ခုနှစ်က    ပြုလုပ်သော   အာဖရိကလိုင်းယွန်   ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်            မော်ရိုကို၊ တူနီးရှားနှင့်   ဆီနီဂေါနိုင်ငံတို့မှ တပ်ဖွဲ့ဝင်အင်အား  ၇၈၀၀  ပါဝင် ကြောင်း သိရသည်။ 

အဆိုပါ               ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှုများ       ပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမ်အေပီက  ပြောသည်။  ၎င်း စစ်ရေးလေ့ကျင့်မှုသည် ပင်လယ် ရေကြောင်းလုံခြုံရေးနှင့်  တရား မဝင်    မူးယစ်ဆေးဝါး  တိုက်ဖျက် ရေးတို့ကို    တိုးမြှင့်ဆောင်ရွက် ရန်ရည်ရွယ်ကြောင်း         သိရ သည်။   
      
ဆင်ဟွာ