မော်ရိုကိုတွင် ဘတ်စ်ကား တိုက်မှုဖြစ်ပွား သေဆုံးသူ ၁၄ ဦး ရှိ

၉ စက်တင်ဘာ

 

မော်ရိုကိုနိုင်ငံ  အီရာချီဒီရာ မြို့အရှေ့တောင်ဘက် အနီးတွင် ယမန်နေ့က ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားသဖြင့် သေဆုံးသူ ၁၄ ဦး ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မြစ်ကူးတံတားတစ်စင်းပေါ်၌ ထိုဘတ်စ်ကား တိမ်းမှောက်ခဲ့သဖြင့် ပျောက်ဆုံးနေသူများအား ကယ်ဆယ်ရေးသမားများက ပိုက်စိပ်တိုက်ရှာဖွေနေကြသည်။ 

 

ကနဦး သတင်းအရ လူပေါင်း ၂၉  ဦးကို ကယ်ဆယ်ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပျောက်ဆုံးနေသူများကို ဟာဆန် အဒက်ဟေ ရေကာတာ  အနီးဆုံး တွင် ရေငုပ်သမားများ ၊ စစ်တပ် နှင့် ရဟတ်ယာဉ်များ ပါဝင်ကာအဓိကထား အကောင်အထည်ဖော် ရှာဖွေနေကြကြောင်း မော်ရိုကန် အမျိုးသားရုပ်မြင်သံကြား အယ်လိုလာ က ပြောကြားခဲ့သည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန် နှင့် ဆေးရုံပေါ်ရှိ ဒဏ်ရာရသူများ ကုသမှုကို ကြီးကြပ်ရန်  ပြည်ထဲရေးဝန်ကြီး အဘဒယ်လ်လိုအာဖီ လာဖစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို အစိုးရက စေလွှတ်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို