မွေးကင်းစ ကလေးငယ်ခုနှစ်ယောက်မှာ တစ်ယောက်က ကိုယ်အလေးချိန် မပြည့်ကြောင်း လေ့လာတွေ့ရှိ

၁၇ မေ

 

၂၀၁၅ ခုနစ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ် သန်း ၂၀ ကျော်မှာ မွေးကင်းစကလေးငယ် ၇ ဦးမှာ ၁ ဦး က ကိုယ်အလေးချိန် မပြည့်ဘူးကြောင်း ကမ္ဘာတစ်ဝန်းရှိ မွေးကင်းစ ကလေးငယ်အလေးချိန် လေ့လာရေးအဖွဲ့ရဲ့ စာရင်းကို ကိုးကားပြီး မေ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

 

mdn

 

ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ်ဘဲရှိတဲ့ နိုင်ငံတွေမှာ မွေးကင်းစကလေးငယ် ၉၀ ရာခိုင်နှုန်း ကျော်ဟာ ၅ ပေါင် ခွဲ အောက်မှာရှိပါတယ်။ နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှာ ၂၀၁၅ ခုနှစ်က မွေးဖွားခဲ့တဲ့ မွေးကင်းစ ၁၅ ရာခိုင်နှုန်းဟာ ကိုယ်အလေးချိန် မပြည့်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ကိုယ်အလေးချိန်မပြည်တဲ့ မွေးကင်းစတွေဟာ ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ မတူညီတာကို တွေ့ရပါတယ်။  ဥပမာအားဖြင့် ဆွီဒင်နိုင်ငံက ကလေးငယ် ၂.၄ ရာခိုင်နှုန်းက ကိုယ်အလေးချိန်မပြည့်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ၂၈ ရာခိုင်နှုန်းနီးပါး ဖြစ်တယ်တယ်လို့ သိရပါတယ်။ 

 

၂၀ဝ၀ ခုနှစ်က မွေးကင်းစကလေးငယ် ၁၇.၅ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၁၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ 

 

၂၀၁၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ဦးရေ ၉.၈ သန်းလောက်ဟာ အရှေ့တောင်အာရှမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီအရေအတွက်ဟာ ကမ္ဘာ့မွေးကင်းစ ကလေးငယ် တစ်ဝက်နီးပါးရှိတယ်လို့ ဆိုနိုင်ပါတယ်။ 

 

ကိုယ်အလေးချိန်မပြည့်တဲ့ မွေးကင်းစကလေးငယ်တွေဟာ ကိုယ်ခန္ဓာကြီးထားမှုမှာ ပြဿနာ ရှိနိုင်သလို အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆီးချိုရောဂါကဲ့သို့ ကျန်းမာရေး ပြဿနာများ ရှိနိုင်ကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP