မွေးမြူရေးသုတေသနဦးစီးဌာန တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် အခမ်းအနားနှင့် ပထမအကြိမ် မွေးမြူရေးသုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁

မွေးမြူရေးသုတေသနဦးစီးဌာန တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် အခမ်းအနားနှင့် ပထမအကြိမ် မွေးမြူရေးသုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ရေဆင်းရှိ နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်  ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီ ၊ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကု ဆရာဝန်များအသင်း ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မွေးမြူရေးသု တေသနဦးစီးဌာန အသစ် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့်သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ  မွေးမြူရေးနှင့် ရေလုပ်ငန်း ထွက်ကုန်ပစ္စည်းများမှ ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပ တင်ပို့နိုင်မည်ဖြစ်ကြောင်း။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်ထဲသာမက ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် လိုအပ်သကဲ့သို့ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင်လည်း အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပထမအကြိမ် မွေးမြူရေးသုတေသန စာတမ်းဖတ်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ စာတမ်းရှင်များက ဆုရစာတမ်းများကို ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုရစာတမ်းရှင်များကို  ဆုများ ပေးအပ်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့က အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ပထမအကြိမ် မွေးမြူရေးသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲတွင် မွေးမြူရေးသုတေသန ဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ပညာရှင်များက အသားကဏ္ဍဆိုင်ရာ သုတေသန စာတမ်း(၁၆)စောင် နှင့် ငါးကဏ္ဍဆိုင်ရာ သုတေသနစာတမ်း (၁၅)စောင်ကို ဆွေးနွေးတင်ပြကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စမ်းသပ် စံပြစိုက်ပျိုးဆောင်ရွက်နေသည့် စပါး၊ ကုလားပဲ စိုက်ခင်းများ နှင့် စပါးစိုက်ခင်းတွင် နောက်ဆုံးသီးနှံအဖြစ် ကောက်စိုက်စက် ဖြင့် စပါးစိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်