မွေးနေ့ကုသိုလ်အဖြစ် သီလရှင်ဝတ်ခဲ့သည့် သရုပ်ဆောင် မိုးဟေကို

သရုပ်ဆောင် မိုးဟေကိုအနေဖြင့် မွေးနေ့ကုသိုလ်အဖြစ် ဇွန် ၂၄ ရက်က သူငယ်ချင်း ဖြစ်သူ ယွန်းရွှေရည်နှင့်အတူ သာသနာ့ဘောင်သို့ဝင်ရောက်ကာ သီလရှင်ဝတ်ခဲ့သည်။ သီလရှင်ဘွဲ့အမည်မှာ ဆရာလေး အဂ္ဂဉာဏီဖြစ်ပြီး ဝစီပိတ်သီလရှင်အဖြစ် ကျင့်ကြံမည်ဟု ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားချက်အရ သိရသည်။

သရုပ်ဆောင် မိုးဟေကိုသည် မိခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့် အနုပညာလှုပ်ရှားမှုများ လုပ်ဆောင်နိုင်မှု နည်းနေသော်လည်း ရုပ်ရှင်အချို့တွင် ပါဝင်သရုပ်ဆောင် လျက်ရှိသလို လက်ရှိအချိန်တွင် ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်သော မိုး ရုပ်ရှင် ထုတ်လုပ်ရေးကို တည်ထောင်ကာ ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်လျက်ရှိသည်။

ကိုလင်း၊ ဓာတ်ပုံ - မိုးဟေကို ဖေ့စ်ဘုတ်