မြေပြင်မှာရပ်နားထားတဲ့ ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ်တွေ လုပ်ငန်းခွင်ပြန်ဝင်ရမယ့်ရက် ကျော်လွန်

၂၄ မေ

 

ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ် နှစ်စင်းပျက်ကျရာ  လေယာဉ်ပေါ်ပါရှိသူ အားလုံး သေဆုံးတဲ့ အပြီးမှာ လေယာဉ်တွေ မြေပြင်မှာ ရပ်နားထားခဲ့ပါတယ်။ ရပ်နားထားတဲ့ လေယာဉ်တွေကို လုပ်ငန်းခွင်ပြန်ဝင်ရန် မေ ၂၃ ရက်က သတ်မှတ်ခဲ့ပေမယ့် ဘိုးရင်းဘက်က ဝေဟင်ကို သွားနိုင်ပြီဆိုတဲ့ အသိအမှတ်ပြုစာရွက်စာတမ်း မပေးသေးကြောင်း သိရပါတယ်။ 

 

ပြီးခဲ့တဲ့ မတ်လ အတွင်းက အီသီယိုးပီးယား လေကြောင်းလိုင်းရဲ့ ဘိုးရင်း 737 MAX အမျိုးအစား ပျက်ကျခဲ့သလို ၂၀၁၈ ခုနစ် အောက်တိုဘာက အင်ဒိုနီးရှားနိုင်ငံမှာလည်း ဘိုးရင်း 737 MAX အမျိုးအစားပျက်ခဲ့ပါတယ်။ အဲဒီလေယာဉ်ပျက်မှု နှစ်ခုအတွင်းမှာ ခရီးသည် ၃၄၆ ဦး သေဆုံးခဲ့ပါတယ်။ 

 

mdn

 

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဘိုးရင်းလေယာဉ်ကုမ္ပဏီဘက်က အသိအမှတ်ပြု စာရွက်စာတမ်းထုတ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အမေရိကန်လေကြောင်းလိုင်း ဘက်ကလည်း ခရီးသွားများတဲ့ နွေရာသီမှာ လေယာဉ်တွေ ကောင်းကင်ကို ပြန်ရောက်ဖို့ မျှော်လင့်ခဲ့ပါတယ်။ 

 

ဒါပေမယ့် မနေ့ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲ ဒန်နီရယ် အယ်ဝဲက အသိအမှတ်ပြုရဖို့ဆိုတာ တစ်လ၊ နှစ်လ ဒါမှဟုတ် အဲဒီထက်ပိုကြာနိုင်ကြောင်း ပြောပါတယ်။ 

 

MDN
ကိုးကား - AFP