မြေထိန်းနံရံ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် လူထုစစ်ဆေးပွဲပြုလုပ်၍ အတည်ပြုချက်ရယူ

ထီးလင်း ၁၆  မေ 
    

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း တတိယနှစ် စက်ဝန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအနက် နတ်အင်း ကျေးရွာတွင် ဆောင်ရွက်သည့် မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း လုပ်ငန်းစဉ်နှင့် ရလဒ်ကို ယနေ့နံနက် ၇ နာရီက ကျေးရွာစုရပ်ဆောင်၌ ပြုလုပ်ခဲ့ကြောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 
    

အဆိုပါ လုပ်ငန်းမှာ အလျား ၁၅၆ ပေ၊ အထူ ၄  ပေ၊ အမြင့် ၁၄ ပေရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် အလျား  ၁၆၃ ပေ၊ အနက် ၁ ပေ၊ အကျယ် ၁ ပေရှိကျောက်စီရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို လူထုစစ်ဆေးပွဲပြုလုပ်ခြင်းဖြစ်သည်။ 
 

ထီးလင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း တတိယနှစ်စက်ဝန်းတွင် ကျေးရွာ ၉၃ ရွာ၌ ကျေးရွာမီးလင်းရေးလုပ်ငန်း ၄၄ ခု၊ စုရပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်း ၁၉ ခု၊  ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း ၁၈ ခု၊ ရေပေးဝေရေးလုပ်ငန်း ၁၂ ခု၊ စာသင်ကျောင်း ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း ၁ ခု၊ ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ ရေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်း ၇ ခု၊ လမ်းဘေးကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ၆ ခု၊ အားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်း ၄ ခုနှင့် အများသုံးအိမ်သာ တည်ဆောက်ခြင်း လုပ်ငန်း ၁ ခု၊ စသည့် စီမံကိန်း  လုပ်ငန်းခွဲပေါင်း ၁၁၃ ခုကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 


MDN

 

1