မေတ္တာတရားနှင့် မျှဝေကူညီချင်သည့်စိတ်ကို ရှေ့တန်းတင်မည်ဆိုရင် ကွဲပြားစရာရှိမယ်မထင်

 

ပင်လုံ ၁၂ ဖေဖော်ဝါရီ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောငဆန်းစုကြည်နှင့် တိုင်းရင်း သားများ၏ ပင်လုံငြိမ်းချမ်းရေး စကားဝိုင်း (Panglong Peace Talk) ကို ပင်လုံမြို့ ၌ ပြုလုပ်ခဲ့သည်။

 

ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကို လူငယ်များ နှင့်ပြုလုပ်ခဲ့ပါကြောင်း၊ ယခု ဒုတိယအကြိမ်တွင် တိုင်းရင်းသား များနှင့် ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရွယ်မရွေး အားလုံးပါဝင်ရန်လိုပါကြောင်း။

 

လူငယ်များနှင့် စတင်ဆွေးနွေးခဲ့ရ ခြင်းအကြောင်းရင်းမှာ လူငယ်များသည် ငြိမ်းချမ်းရေးရခြင်း၊ မရခြင်း၏အကျိုး ဆက်ကို အများဆုံးခံစားရမည့်သူများ ဖြစ်သဖြင့် ၎င်းတို့နှင့် ဆွေးနွေးခြင်းဖြစ် ပါကြောင်း၊ တခြားလူ အားလုံးနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ပြည်ထောင်စုသား အားလုံးနှင့် သက်ဆိုင်တာဖြစ်သဖြင့် ယခုအကြိမ်တွင် တိုင်းရင်းသူ၊ တိုင်းရင်း သားများနှင့် ဆွေးနွေးမည်ဖြစ်ပါကြောင်း။

 

သို့ရာတွင် အရွယ်အရ မိမိတို့ သတ်မှတ်ခြင်းမဟုတ်ပါကြောင်း၊ ယခု အကြိမ်မှာ ပင်လုံတွင် စုဝေးသည့် ပြည်ထောင်စုနေ့ဖြစ်၍ တိုင်းရင်းသား ပေါင်းစုံနှင့် ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် ဆွေးနွေးခြင်း ဖြစ်၍ ယခုစကားဝိုင်းသည် ငြိမ်းချမ်းရေး စကားဝိုင်းဟု သတ်မှတ်ထားပါ ကြောင်း။

 

ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုလျှင် ဘာဖြစ်လို့ငြိမ်းချမ်းရေးမရလဲဆိုတာကို ပထမဆုံး ဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရသည်မှာ နှစ် ၇၀ ရှိသွား ပီဖြစ်ပါကြောင်း၊ မတူကွဲပြားမှုဟု အကြောင်းပြချက်ပေးလျှင် မတူကွဲပြားမှု တစ်ခုတည်းသည် လုံလောက်သော အကြောင်းပြချက်လား။ တစ်ယောက်နှင့် တစ်ယောက် မတူသည်နှင့် ရန်ဖြစ်ရမှာလား။

 

မိမိတို့မိတ်ဆွေထဲတွင် ကိုယ်နှင့် မတူသည့်သူ မပါဘူးလား။ ကိုယ်နှင့် လူမျိုးချင်းမတူသည့်သူ၊ ကိုယ်နှင့်ပြော သည့်ဘာသာစကားချင်း မတူသူ၊ ကိုးကွယ်သည့် ဘာသာချင်းမတူသူ၊ စီးပွားရေးအရ မိသားစုအသိုက် အဝန်းမတူသူများနှင့် မိမိတို့တွင် မိတ်ဆွေတစ်ယောက်မှမရှိကြဘူးလား။ ရှိကြပါကြောင်း၊ ထို့ကြောင့် မတူကွဲပြား မှုသည် ကွဲပြားရေး၏ အကြောင်း ဆိုတာကို လက်မခံနိုင်ပါကြောင်း။

 

ဒါကို ကျော်လွှားနိုင်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ဒီစားပွဲဝိုင်းတွင် အပြု သဘောဆောင်သည့် အတွေးအခေါ် များကို အဓိက ဦးစားပေးစေချင်ပါ ကြောင်း၊ ဒီလိုပြောခြင်းအားဖြင့် ပြဿနာများကို ရှောင်ရှားခြင်းမဟုတ် ပါကြောင်း၊ ပြဿနာများရှိသည်ကို သိပါ ကြောင်း၊ပြဿနာကိုလည်း မကြောက် ပါကြောင်း၊ ပြဿနာဆိုတာ တကယ် တော့ စိန်ခေါ်မှုပင်ဖြစ်ပါကြောင်း၊ စိ်န်ခေါ်မှုဆိုတာ အခွင့်အရေးပင်ဖြစ်ပါကြောင်း။

 

ထိုစိန်ခေါ်မှု၊ အခွင့်အရေးကိုယူပြီး ကျော်လွှားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအတွက် အကောင်းဆုံး အထိရောက် ဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ သို့သော် အပေါင်းလက္ခဏာဆောင် သည့်စိတ်ဓာတ်ဖြင့် လုပ်ချင်ပါကြောင်း၊ ဥပမာ ကွဲပြားရခြင်းအကြောင်းတစ်ခုမှာ မခံချင်စိတ်၊ ဒေါသတို့ကို ရှေ့တန်းတင် ခြင်းကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့သည် မေတ္တာတရားကို ရှေ့တန်းတင်မည်၊ မျှဝေ ကူညီချင်သည့်စိတ်ကို ရှေ့တန်းတင်မည် ဆိုလျှင် ယခုလိုကွဲပြားစရာအကြောင်း ရှိမည် မထင်ပါကြောင်း။

 

ထို့ပြင် လူတို့သည် သဘာဝအရ အနိုင်ကျင့်သူများလည်း ရှိပါကြောင်း၊ ဒါကိုမငြင်းပါကြောင်း၊ အနိုင်ကျင့်သူများ အနိုင်မကျင့်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အဖြေတစ်ခုရှာရမည်ဖြစ်ပါ ကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် တိုင်းရင်းသူ၊ တိုင်းရင်းသားများက ဆွေးနွေးချင်တာကို စပြီးဆွေးနွေးနိုင်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စကားဝိုင်းသို့ တက်ရောက် လာကြသည့် တိုင်းရင်းသားများက ပြည်သူလူထု၏ ငြိ်မ်းချမ်းရေးအတွက် မျှော်လင့်ချက်များ၊ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူပူးပေါင်းနိုင်မည့် အာမခံချက်များ၊ ကရင်ပြည်နယ်တွင် ကျင်းပခဲ့သည့် ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့မှုများ၊ ယုံကြည်မှု၊ ညီညွတ်မှု၊ တစ်ဦးကိုတစ်ဦး လေးစားမှု၊ သာတူညီမှုများဖြင့် တည်ဆောက်ခဲ့ သည့် အတွက် အောင်မြင်ခဲ့မှုများ၊ အကြောက် တရားနှင့် စိုးရိမ်ကြောင့်ကြမှုကြောင့် ငြိမ်းချမ်းရေးမရနိုင်ဟု ထင်မြင်ချက်များ၊ မငြိမ်းချမ်းသေးသည့်အတွက် တိုင်းပြည် နစ်နာနေမှုများ၊ ငြိမ်းချမ်းရေးအတွက် တစ်ဦးအပေါ် တစ်ဦး သဘောထားကြီး ရန်လိုအပ်မှုများ၊ လက်နက်ကိုင်အဖွဲ့များ အကြား တွေ့ဆုံဆွေးနွေးမှု များများပြု လုပ်ရန်လိုအပ်မှုများ၊ ပင်လုံစာချုပ် ပင်လုံ ကတိကဝတ်များကို အကောင်အထည် ဖော်ရန် လက်တွေ့ကျကျ လုပ်ဆောင်ရန် လိုအပ်မှုများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

 

အဆိုပါစကားဝိုင်းသို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပညာရှင်အဖြစ် ပါဝင်ပံ့ပိုးနေသူ ကချင်တိုင်းရင်းသူ ဒေါ်လရှမ်းဆိုင်းပန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုပါဝင်လာရေးနှင့် အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးသူ ကယားတိုင်းရင်းသား ခူးပလုရယ်၊ အရပ်ဘက် လူ့အဖွဲ့အစည်း များဖိုရမ် ကျင်းပနိုင်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်သူ ဗမာ-ကချင် တိုင်းရင်းသူ ဒေါ်ဖွေးယုမွန်၊ ငြိမ်းချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အကျိုး ဆောင်အဖြစ် ပံ့ပိုးဆောင်ရွက်သူ ချင်း တိုင်းရင်းသူ မိုင်ချင်းချင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုပါဝင်လာရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖိုရမ် ကျင်းပနိုင်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်သူ မွန်တိုင်းရင်းသား မင်းအောင်ထူး၊ ပဋိပက္ခလျှော့ချနိုင်ရေး ပညာပေးလုပ်ငန်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဖြစ် ထွန်းရေး ပညာပေးဆောင် ရွက်သူ ရခိုင်တိုင်းရင်းသား ဦးဦးအောင် သန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များပါဝင်မှု မြှင့်တင်နိုင်ရေးနှင့် တိုင်းရင်းသားလူငယ်များအရေး ဆောင် ရွက်သူ ရှမ်းတိုင်းရင်းသား စိုင်းအောင် မြင့်ဦး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးနှင့် လူထုပူးပေါင်းပါဝင်လာရေး ဆောင်ရွက်သူ မွန် - ကရင် - ဗမာတိုင်းရင်း သူ ဒေါ်သ္တာဦး၊ တောင်သူလယ်သမား ဘဝဖွံ့ ဖြိုးရေးဆောင်ရွက်သူ ဗမာတိုင်း ရင်းသား ဦးကျော်ထက်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အကျိုး ဆောင်အဖြစ် ပံ့ပိုးဆောင်ရွက်သူ ကချင် တိုင်းရင်းသူ ဒေါ်အယ်လ်ဂျာနန်၊ ကရင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်သူ ကရင်တိုင်းရင်းသူ နန်းမြ သီတာ၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းများတွင် တက်ကြွစွာဆောင် ရွက်သူ ရှမ်းတိုင်းရင်းသူ နန်းမိုမိုသီတာ တို့ ပါဝင်ဆွေးနွေးကြသည်။

 

(သတင်းစဉ်)

 

asf