MFF Open Cup ဖူဆယ်ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ကျင်းပပြီးစီး

ရန်ကုန် ၃၀ မေ          

 

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲ ရှုံးထွက်အဆင့် (ဒုတိယနေ့) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ VUC အသင်း၊ GV Athletic အသင်း၊ MIU Legend အသင်းနှင့် Winner Futsal အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။

 

ဒုတိယနေ့တွင် Winner Futsal အသင်းက Winner အသင်းကို ခုနစ်ဂိုး-ခြောက်ဂိုး၊ GV Athletic အသင်းက Do Do Ko Ko အသင်းကို ၁၈ ဂိုး-တစ်ဂိုး၊ MIU Legend အသင်းက Team Tiger အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ VUC အသင်းက RDZ အသင်းကို ၁၆ ဂိုး-သုံးဂိုး  ဖြင့် အနိုင်ရခဲ့သည်။

 


ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇွန် ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး  MIU Legend အသင်းနှင့် GV Athletic အသင်း၊ Winner Futsal အသင်းနှင့် VUC အသင်း၊ လက်ရှိချန်ပီယံ MIU အသင်းနှင့် ON Doctor အသင်း၊ ရွှေမြဝတီအသင်းနှင့် မြို့မ YTD အသင်းတို့ တွေ့ဆုံနေသည်။

 

 ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇွန် ၁ ရက် နံနက် ၈ နာရီခွဲမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၃ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ဇွန် ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 


ရဲရင့်ရှိုင်း