MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် MIU၊ VUC၊ ရွှေမြဝတီနှင့် GV Athletic အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်

ရန်ကုန် ၁ ဇွန်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ လက်ရှိချန်ပီယံ MIU၊ VUC၊ ရွှေမြဝတီနှင့် GV Athletic အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။


ကွာတားဖိုင်နယ်ပွဲစဉ်များတွင် GV Athletic အသင်းက MIU Legend အသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ VUC အသင်းက Winner Futsal အသင်းကို လေးဂိုး-နှစ်ဂိုး၊ ရွှေမြဝတီအသင်းက မြို့မ YTD အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ လက်ရှိချန်ပီယံ MIU အသင်းက ON Doctor အသင်းကို ရှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 


 ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ MIU အသင်းနှင့် ရွှေမြဝတီအသင်း၊ VUC အသင်းနှင့် GV Athletic အသင်းတို့ တွေ့ဆုံနေသည်။ 


ရဲရင့်ရှိုင်း