နေပြည်တော်   ဇူလိုင်   ၂၃

MFF ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YRG အသင်းနှင့် KSL အသင်း၊ YCDC Dream Team နှင့် M2K အသင်းတို့ တွေ့ဆုံနေသည်။

ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ကွာတားဖိုင်နယ်ပွဲများတွင် KSL အသင်းက  MIU Youth အသင်းကို ငါးဂိုး-နှစ်ဂိုး၊ YRG အသင်းက  ရန်ကုန်အကယ်ဒမီ အသင်းကို  ခြောက်ဂိုး-ဂိုးမရှိ၊ YCDC Dream Team အသင်းက SGF အသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရပြီး  M2K  အသင်းနှင့်  MIU အသင်းပွဲတွင်  လေးဂိုးစီသရေကျနေသဖြင့်  ပင်နယ်တီဖြင့် ဆုံးဖြတ်ရာ M2K အသင်းက လေးဂိုး-သုံးဂိုး စုစုပေါင်း ရှစ်ဂိုး-ခုနစ်ဂိုး ဖြင့် အနိုင်ရရှိသည်။ ဆီမီးဖိုင်နယ်ရောက်လာသည့် လေးသင်းအနက် KSL အသင်းသည်   အပျော်တမ်းအသင်းဖြစ်ပြီး  နှစ်နှစ်ဆက်တိုက် အပျော်တမ်းပြိုင်ပွဲတွင်   ဗိုလ်စွဲထားကာ  ယခုပြိုင်ပွဲတွင် ပရိုကလပ်အသင်းအချို့ကို ကျော်ဖြတ်ကာ ယခုအဆင့်ထိ တက်ရောက်လာခြင်းဖြစ်သည်။ ထို့ပြင် ဆီမီးဖိုင်နယ်တက်ရောက်လာသည့် အသင်းများအနက် YRG အသင်းနှင့်  YCDC Dream Team အသင်းသာ နိုင်ငံခြားသားကစားသမားများ  ခေါ်ယူထားပြီး လက်ရွေးစင်ကစားသမားအများစု ပါဝင်နေသည့် အသင်းနှစ်သင်းလည်းဖြစ်သည်။

တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF