ရန်ကုန် ဖေဖော်ဝါရီ ၂၂
၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်(၂ )ပြိုင်ပွဲ ပွဲစဉ် ၁၇ ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက် ကျင်းပရာ Galaxy အသင်း နိုင်ပွဲဆက်ပြီး ဆက်လက်ဦးဆောင်နေသည်။
အနိုင်ရရှိ
ပွဲစဉ် ၁၇ တွင် ရွှေပြည်သာယူနိုက်တက်အသင်းက A.C Milksteak အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ 7 Brother အသင်းက KKY အသင်းကို လေးဂိုး-နှစ်ဂိုး၊ Galaxy အသင်းက YRG Academy အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Maryar Noka အသင်းက JZ Yangon အသင်းကို ငါးဂိုး-သုံးဂိုး၊ ULAD အသင်းက 7 Dragon အသင်းကို လေးဂိုး-ဂိုးမရှိ၊ Kyaung Sayar Tharhtwe အသင်းက Black Cross အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပွဲစဉ်(၁၇)အပြီးတွင် Galaxy အသင်းက ၄၆ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး 7 Brother အသင်းက ၄၂ မှတ်၊ ULAD အသင်းက ၃၆ မှတ်၊ Maryar Noka အသင်းက ၃၂ မှတ်၊ YRG Academy အသင်းက ၂၈ မှတ်၊ 7 Dragon အသင်းက ၂၆ မှတ်၊ KKY အသင်းက ၂၃ မှတ်၊ Kyaung Sayar Tharhtwe အသင်းက ၂၀ မှတ်၊ JZ Yangon အသင်းက ၁၇ မှတ်၊ AC Milksteak အသင်းက ၁၃ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ၁၀ မှတ်၊ Black Cross အသင်းက သုံးမှတ်ရရှိထားသည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF


