MFF ဖူဆယ်လိဂ် ပွဲစဉ် (၁၉) ဆက်လက်ကျင်းပမည်

ဖေဖော်ဝါရီ

 

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) ကို ဖေဖော်ဝါရီ ရက် နံနက်ပိုင်းမှစတင်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ- လှိုင်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး VUC နှင့် GV အသင်းတို့မှာမူ ဇယားထိပ်ပိုင်းမှ အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ပွဲစဉ် (၁၉) အဖြစ် နံနက် နာရီခွဲတွင် MIU အသင်းနှင့် လက်ဝဲသုန္ဒရအသင်း၊ နံနက် ၁၀ နာရီတွင် MFF ယူ-၁၉ အသင်းနှင့် Dream Team အသင်း၊ နံနက် ၁၁ နာရီခွဲတွင် Do Do Ko Ko အသင်းနှင့် On Doctor အသင်း၊ မွန်းလွဲ နာရီတွင် ဖူဆယ်ချစ်သူအသင်းနှင့် AMM Brothers အသင်း၊ မွန်းလွဲ နာရီခွဲတွင် VUC အသင်းနှင့် မြို့မ JY အသင်း၊ ညနေ နာရီတွင် GV အသင်းနှင့် Winner အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ပွဲစဉ် (၁၈) အပြီးတွင် VUC နှင့် MIU အသင်းတို့က ၅၂ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းနှစ်သင်း၏နောက်တွင် GV အသင်းက ၄၈ မှတ်၊ Winner အသင်းနှင့် On Doctor အသင်းတို့က ၂၉ မှတ်စီ၊  မြို့မ JY အသင်းက ၂၇ မှတ်၊ MFF ယူ-၁၉ အသင်းနှင့်  Do Do Ko Ko အသင်းက ၂၂ မှတ်စီ၊  Dream Team အသင်းက ၁၈ မှတ်၊ AMM Brothers အသင်းက ရှစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။

 

ပြိုင်ပွဲပြီးဆုံးရန် လေးပွဲသာလိုတော့ပြီး ပွဲစဉ် (၂၀) မှ (၂၂) အထိ သုံးပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမည် ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း