ရန်ကုန်    ဖေဖော်ဝါရီ    ၂၃

၂၀၂၅-၂၀၂၆ ရာသီ   MFF ဖူဆယ်လိဂ်(၁) ပြိုင်ပွဲ    ပွဲစဉ် (၁၇)ကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပရာ  YRG အသင်း ဆက်လက်ဦးဆောင် ပြီး YCDC Dream Team အသင်း သုံးမှတ်အကွာဖြင့် ဖိအားပေးနေသည်။
 

ပွဲစဉ် (၁၇) တွင် Chinland အသင်းက TG United အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ MIU အသင်းက Team Lions အသင်းကို ငါးဂိုး-ဂိုးမရှိ၊ United City အသင်းက  M2K အသင်းကို လေးဂိုး-နှစ်ဂိုး၊    YCDC Dream Team    အသင်းက  SGF အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊     VUC အသင်းက Pacific Sun Far    အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊  YRG အသင်းက Gold Dream အသင်းကို ၁၀ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ပွဲစဉ် ၁၇ အပြီးတွင် YRG အသင်းက ၁၇ ပွဲစလုံးအနိုင်ရရှိကာ ရမှတ် ၅၁ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး YCDC Dream Team  အသင်းက   ၄၈ မှတ်၊  MIU အသင်းက ၃၈ မှတ်၊ TG United အသင်းက ၂၈ မှတ်၊ M2K အသင်းက ၂၇ မှတ်၊ VUC အသင်း က ၂၅ မှတ်၊ Pacific Sun Far အသင်းက ၂၁ မှတ်၊ United City အသင်းက ၁၇ မှတ်၊ SGF အသင်းက ၁၄ မှတ်၊ Team Lions အသင်းက ၁၃ မှတ်၊ Gold Dream အသင်းက ၁၀ မှတ်၊ Chinland အသင်းက ကိုးမှတ်ရရှိထားသည်။                            

သတင်း - ချစ်ကိုကို၊ ဓာတ်ပုံ - MFF