မဟာအောင်မြေမြို့နယ် ၆၂ လမ်း နဒီမြန်မာဟိုတယ်မြေနှင့် အဆောက်အဦ အဆင့်မြှင့်တင် စီးပွားရေးဆိုင်ရာ အဆောက်အဦများ ပုံစံရေးဆွဲ တည်ဆောက်ခြင်း ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်

မန္တလေး ၂၈ ဒီဇင်ဘာ

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား (ယခင်နဒီမြန်မာဟိုတယ်) မြေဧရိယာ (၃ဒသမ၁၆၇၂) ဧကနှင့်ယင်း မြေပေါ်ရှိ အဆောက်အဦးများအား အဆင့်မြှင့်တင်၍ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် (Mix-Used Development Project) အား ပုံစံရေးဆွဲ တည်ဆောက်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို Public Private Partnership (PPP) စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ဝင်စားသော ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ စိတ်ဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် သန့်ရှင်းရေးဌာန၊ ၁၉လမ်း၊ နန်းရှေ့ဈေး ဒုတိယထပ်တွင် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ ပုံစံများ ထုတ်ယူ၍ ဖေဖော်ဝါရီ ၂၁ ရက် နောက်ဆုံးထား တင်ပြရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ထားသည်။

 

မောင်ပြည်သူ(မန္တလေး)