မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်

နေပြည်တော်   ဇန်နဝါရီ    ၂၆

 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော ဓမ္မာစရိယ အထူးအောင် ၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၁ ပါး၊ မြန်မာဂုဏ်ထူးအောင် ၅ ပါး၊ ပါဠိပထမပြန် အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၄ ပါး၊ မဟာဝိဒူအောင် ၆ ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့၊ မဟာ အတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည် ဖြစ်သည်။

 

အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ အထူးအောင် ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ် ပင့်ဆောင်မည် ဖြစ်သည်။ ပင့်စာများကို အချိန်မီ မရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ရုံးချိန်အတွင်း မန္တလေးမြို့၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေး ဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရသည်။

 

သတင်းစဉ်