ရန်ကုန် ဧပြီ ၁၃

၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပလျက်ရှိရာ သင်္ကြန်ချစ်ပြည်သူများ လာရောက်ရေကစားကြသည်။ မဟာဗန္ဓုလပန်းခြံလမ်း လမ်းလျှောက်သင်္ကြန်တွင် မဟာဗန္ဓုလလမ်းမှ ကုန်သည်လမ်းမပေါ်အထိ မုခ်ဦးများတပ်ဆင်ထားပြီး ရေပန်းများတပ်ဆင်ထားခြင်း၊ ဖျော်ဖြေရေးစင်မြင့်များဖြင့် ဖျော်ဖြေတင်ဆက်ကာ ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိသည့်အတွက် သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာရေကစားကြသည်။

ရန်ကုန်မြို့တော် လမ်းလျှောက်သင်္ကြန်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)