မီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်တတ်မြောက်စေသည့် လက်ထောက်မီးသတ်ဦးစီးမှူးလောင်းများ မွေးထုတ်

 

ပြင်ဦးလွင် ဇွန် ၂၃

 

လက်ထောက်မီးသတ်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ် (၂၁/၂၀၂၃) သင်တန်း ဆင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် ဗဟိုမီးသတ်သင်တန်း ကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ ရဲအရာရှိ လေ့ကျင့် ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်အရာရှိများ၊ ဒုတိယကျောင်းအုပ်ကြီးနှင့်  နည်းပြအရာရှိများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ မီးသတ်ဦးစီးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား ကျောင်းဆင်းတပ်ခွဲများက ချီတက်အလေး ပြုကြသည်။

 

ထို့‌နောက် ညွှန်ကြားရေးမှူးချုပ်သည် ကျောင်းဆင်းတပ်ခွဲ များအား စစ်ဆေးပြီး ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားကာ ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုမှုကိုခံယူသည်။

 

အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်သည် ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် မီးသတ်အရာရှိလောင်းများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြော ကြားပြီး အနော်ရထာခန်းမ၌ ရာထူး ခန့်အပ်လွှာ များကို ပေးအပ်သည်။

 

အဆိုပါသင်တန်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒလမ်းညွှန် ချက်များနှင့်အညီ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံ ခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုး ပြုဆောင်ရွက်ရေး လုပ်ငန်းတာဝန်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်၊ မီးသတ်တပ်ဖွဲ့၏ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့် မီးသတ်တပ်ဖွဲ့ကျင့်ဝတ်များ သိရှိနားလည်တတ်ကျွမ်းစေရန်၊ မီးသတ်ပညာ ရပ်များနှင့် ရှာဖွေကယ် ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်တတ်မြောက်စေရန်၊ အရည်အချင်းပြည့်ဝသော လက်ထောက်မီးသတ် ဦးစီးမှူးအရာရှိငယ် အဆင့်သို့ ရောက်ရှိ စေရန်နှင့် ဌာနအတွက် လေ့ကျင့်မှုပြည့်ဝသည့် အရာရှိငယ်များ နှစ်စဉ် မွေးထုတ်ပေး နိုင်ရန် စသည့်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး လောင်း သင်တန်း အမှတ်စဉ် (၂၁/၂၀၂၃)ကို  ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်မှ ဇွန်လ ၂၃ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး                                                                                                                                    ညိမ်းသူ ( သတင်းစဉ် )