မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူများ ရှာဖွေခြင်းမှု နယူးဇီလန် လျော့ချမည်ဟု ဆို

၁၉ ဒီဇင်ဘာ

 

ပြီးခဲ့သည့်အပတ်က မီးတောင်ပေါက်ကွဲပြီးနောက် ပျောက်ဆုံးသူများကို ရှာဖွေခြင်းကို အင်အားလျှော့ချလိုက်ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

သေဆုံးသူများ၏ အလောင်းများကို ရှာဖွေခြင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး တချို့ရုပ်အလောင်းများမှာ ရှာလို့မတွေ့သေးကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

နယူးဇီလန်ဧည့်လမ်းညွှန်နှင့် ဩစတြေးလျဆယ်ကျော်သက်တို့မှာ ယခုထိတိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ဒီဇင်ဘာလ ၉ရက်နေ့အတွင်းက White Island မီးတောင်ပေါက်ကွဲပြီးနောက် ကယ်ဆယ်ရေးသမားများသည် ကုန်းတွင်းနှင့် ပင်လယ်ပြင်နေရာနှစ်ခုလုံးတွင် ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

 

မီးတောင်ပေါက်ကွဲပြီးနောက် သေဆုံးသူ၏ ရုပ်လောင်းများသည် သမုဒ္ဒရာအတွင်းသို့ မျောပါသွားနိုင်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်လျက်ရှိသည်။ ၁၆ဉီးမှာ သေဆုံးခဲ့ပြီး၊ ၃၀ဉီးမှာ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။

 

နယူးဇီလန်နိုင်ငံမှ ထုတ်ပြန်ထားသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် အခြားသူများက လိုက်နာခြင်းရှိ မရှိကို စစ်ဆေးလျက်ရှိသည်။

 

အစောပိုင်း သီတင်းပတ်များအတွင်းက နယူးဇီလန်နိုင်ငံ၏ ငလျင်တိုင်းတာရေးအေဂျင်စီက မီးတောင်၏ အန္တရာယ်ရှိမှုကို သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် မည့်သည့်အတွက် ခရီးသွားများ လာရောက်လည်ပတ်ခြင်းကို ခွင့်ပြုခဲ့သနည်းဟု လူအချို့က မေးမြန်းလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်